Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, December 14, 2007

အလွမ်း...

ကိုယ့်အတ္တက ကိုယ့်ကိုကိုယ် ပြန်လောင်ကျွမ်းစေလည်း ကျွမ်းပါတော့
ခံစားရတဲ့ ဝေဒနာတွေကိုပါ သိမ်းကျုံး ပေးစပ်လိုက်ချင်ရဲ့…

ငါတို့ ရည်ရွယ်တဲ့ ခရီးလမ်းဆုံးတခုအတွက်
မျှော်လင့်တောင့်တမိတဲ့ ခံစားမှုတွေကို အထပ်ထပ်ဆေးကြောရင်း...
အချစ်ချည်းသပ်သပ် ပေးဆပ်ခဲ့သူပါကွယ်။

ဟဲလို... တက်စတင် ဝမ်း... တူး ... သရီး ဟဲလို ... လိုဟဲ
ဖုန်းထဲက စကားသံလေးတွေက
ငါ့နှလုံးသားကို လာလာရိုက်ခတ်စေခဲ့…။

ဝေးပေါ့...
နူးညံ့မှုတွေနဲ့လည်းဝေး ...
ချစ်သူတယောက်ရဲ့ ကျင်နာမှုနဲ့လည်း ဝေး...
ညီမလေးတယောက်ရဲ့ ခင်တွယ်မှုတွေနဲ့လည်း ဝေး...

ညီမလေးရယ်...
တကိုယ်စာ မရှိတရှိ ဝပ်ကျင်းလေးထဲမှာ
တယောက်နဲ့တယောက်နားလည်မှုတွေနဲ့
စိတ်ကူးအိပ်မက်တွေကို ဝပ်ခဲ့သူတွေပါကွယ်... ...
အတူတကွ မျှော်လင့်ခဲ့ကြတာတွေက
ဝေးကွာချင်းအတွက်လားကွယ်
အချစ်ရယ်... ...
အလွမ်းနက်နက်တွေထဲမှာ ငါ့တယောက်ထဲထားရစ်ခဲ့ပေါ့။